Searching...
Sunday, September 22, 2013

လာမည့် ၂ နှစ်အတွင်း Tablet ဈေးကွက်သည် PC ဈေးကွက်အား လွှမ်းမိုးသွားမည်ဟု Apple အမှုဆောင်ချုပ် Tim Cook ခန့်မှန်း

လာမည့် ၂ နှစ်အတွင်း Tablet ဈေးကွက်သည် PC ဈေးကွက်အား လွှမ်းမိုးသွားမည်ဟု Apple အမှုဆောင်ချုပ် Tim Cook ခန့်မှန်း


Bloomberg Businessweek နှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် Apple Inc. ၏ အမှုဆောင်ချုပ်ဖြစ်သူ Tim Cook က Tablet ဈေးကွက် အခြေအနေ ၊ Android ၏ များပြားလှသည့် versions များ အကြောင်းနှင့် လက်ချောင်းလေး ၁ ချောင်းကို အသုံးပြုပြီး လုံခြုံစွာ ဈေးဝယ်မှုတို့ အကြောင်းအား ဆွေးနွေးသွားခဲ့သည်။

Mr. Cook က အဆိုပါ အင်တာဗျူး၌ Table ဈေးကွက် အနေဖြင့် လာမည့် ၂၄ လအတွင်း PC ဈေးကွက်အား လွှမ်းမိုးသွားလိမ့်မည်ဟု ခန့်မှန်းပြောကြားခဲ့သည်။ ယင်းက “Tablet ဈေးကွက်က စမတ်ဖုန်း ဈေးကွက်နဲ့ တူနေပါတယ်။ ထုတ်လုပ်သူ အများကြီး ပါဝင်နေပါတယ်။ ကျွန်တော် အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ မကြာတော့တဲ့ အနာဂတ်မှာ Tablet ဈေးကွက်ဟာ PC ဈေးကွက်ကို လွှမ်းမိုးဖြတ်ကျော် သွားပါလိမ့်မယ်။ ကျွန်တော့ အထင်တော့ ဒါဟာ နောက် ၂၄ လအတွင်း ဖြစ်ပါလိမ့်မယ်။” ဟု ဆိုသည်။ ...See More

0 comments:

Post a Comment

 
Back to top!