Searching...
Friday, September 27, 2013

မိန်းမသံဂျိုင်းထောက်ဖြင့်ရိုက်၍ ယောက်ကျားဖြစ်သူသေဆုံး

မိန်းမသံဂျိုင်းထောက်ဖြင့်ရိုက်၍ ယောက်ကျားဖြစ်သူသေဆုံး


ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ မြနန္ဒာလမ်းသွယ်၊ နယ်မြေ(၁၈)၊တွင် (၂၆.၉.၂၀၁၃)နေ့ ညနေ(၃း၃၀) အချိန်ခန့်က ဆယ်အိမ်မှူးဦးစန်းမောင် နေအိမ်တွင်ရှိနေစဉ် တစ်ရပ်ကွက်ထဲနေ ...ဒေါ်xxxx၊အသက်(၅၁)နှစ်၊(ဘ)ဦးလှငွေ နှင့်၎င်း၏သား xxxx တို့ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဦးမျိုးအောင်(ဒုက္ခိတ)၊အသက်(၄၃)နှစ်၊(ဘ)ဦးလှသိန်း နေအိမ်တွင်သေဆုံးနေကြောင်း လာရောက်အကြောင်းကြားပြီး သေစာရင်းပြုလုပ်ပေးပါရန် ပြောသဖြင့် ဆယ်အိမ်မှူးဦးစန်းမောင်မှ ပတ်ဝန်းကျင်အားစုံစမ်းရာ(၂၅.၉.၂၀၁၃)နေ့ ညနေ(၄း၀၀)အချိန်ခန့်တွင် ဦးမျိုးအောင်နှင့် ၄င်း၏ဇနီးဖြစ်သူ ဒေါ်xxxxတို့စကားများရန်ဖြစ်သည်ကိုကြားသိရပြီး ဒေါ်xxxxမှ သံဂျိုင်းထောက်ဖြင့် ရိုက်လိုက်ရာ ဦးမျိုးအောင်၏ဦးခေါင်းနှင့်ကျောဘက်တွင်သွေးများ ပေးကျံလျှက်သေဆုံးနေသည်ကို တွေ့ရှိရ၍ ပဲခူးအမှတ်(၃)စခန်းသို့ တိုင်ကြားရာ စခန်းမှ(ပ)၃၈၉/၂၀၁၃၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ-၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

0 comments:

Post a Comment

 
Back to top!