Searching...
Monday, September 23, 2013

ဆီးဖြင့် လင်းတဲ့မီး

ဆီးဖြင့် လင်းတဲ့မီး
************

နိုင်ဂျီးရီးယားလူမျိုး အမျိုးသ္မီးလေးဦးဖြစ်တဲ့
uro-Aina Adebola, Akindele Abiola, and Faleke Oluwatoyinဆိုသူ
၁၄နှစ်ကျောင်းသူ သုံးဦးနှင့် Bello Eniola ၁၅နှစ်ကျောင်းသူတို့ ဟာ
မီးစက်ကို စက်သုံးဆီဖြင့်မသုံးစေပဲ လူ၏ဆီးဖြင့်လည်ပတ်နိုင်စေရန်
အစားထိုး အသုံးပြုမှုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။

စမ်းသပ်ချက်
++++++++
-ဆီးမှာလျှပ်စစ်စီးဝင်စေပြီး ၄င်းမှဟိုက်ဒရိုဂျင်ကိုထုတ်ပေးသည်။
-ထွက်လာသောဟိုက်ဒရိုဂျင်ဓါတ်ငွေ့ ကိုရေထဲသို့ ဖြတ်သန်း သန့် စင်စေပြီး
Gasအိုးထဲတွင်စုစည်းထားစေသည်။
-၄င်း Gasအိုးထဲတွင်ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ သည်အရည်အဖြစ်သို့ ပြောင်းလဲ
နေပြီး
-မီးစက်ထဲသို့ စီးဝင်လောင်ကျွမ်းစေခြင်းဖြင့်
လျှပ်စစ်မီးကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုမှာတော့ ဆီးတစ်လီတာဖြင့်စမ်းသပ်ခဲ့ပြီး
၆နာရီကြာအသုံးပြုနိုင်ခဲ့ပါတယ်။

ZK(ကနောင်)

0 comments:

Post a Comment

 
Back to top!