Searching...
Wednesday, September 25, 2013

ကားပါကင်မထိုးတတ်ဘူးလား Volvo လာပြီ

ကားပါကင်မထိုးတတ်ဘူးလား Volvo လာပြီ

တကယ်လို့သင်ကားပါကင်မထိုးတတ်ရင် ဒါမှမဟုတ်ထိုးဖို့အချိန်မရရင် အလိုလိုကားပါကင်ထိုးပေးမယ့် Volvo စနစ်ပေါ်လာပြီနော်။တကယ်လို့ ရှော့ပင်းမောလ်တစ်ခုကို သင်ရောက်ပြီဆိုပါစို့ Volvo ကားတွေဟာ သင့်ရဲ့လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်ထားပြီး ရှော့ပင်းမောလ် အရှေ့မှာ သင်ကဆင်း ပြီးရင် လက်ကိုင်ဖုန်းနဲ့ကားကို ပါကင်ထိုးလိုက် လို့ပြောတာနဲ့ ကားက ကားပါကင်အထိ သူ့အလိုလိုမောင်းသွားပြီးတော့ လွတ်နေတဲ့နေရာမှာ ၀င်ရပ်ပါလိမ့်မယ်။

ကားပါကင်ထိုးတဲ့ စရိတ်ကိုတော့ ကားကနေတဆင့် သင့်ဘဏ်အကောင့်ကို လွှဲပေးလိုက်မှာဖြစ်ပါတယ်။တကယ်လို့ သင်ပြန်တော့မယ်ဆို အပေါက်ဝကနေ -ငါ့ကိုလာခေါ်-ဆိုတဲ့ ခလုပ်လေးနှိပ်လိုက်တာနဲ့ ကားက ကားပါကင်ကနေ သင့်ဆီကို လာမှာဖြစ်ပါတယ်။

ကားပါကင်နဲ့ လမ်းတစ်လျှောက်က အခြားကားတွေကို ကားမှာတပ်ဆင်ထားတဲ့ အထူးအာရုံခံစနစ်တွေက တွက်ချက်ပြီးမောင်းနှင်ပေးမှာဖြစ်ပါတယ်။

ဈေးနှုန်းလဲ သိပ်မကြီးတာကြောင့် ၂၀၁၅ နောက်ပိုင်းထွက်တဲ့ မော်လ်ဒယ်မြင့် Volvoကားတွေမှာ တပ်ဆင်ထားမှာဖြစ်ပါတယ်

http://www.youtube.com/watch?feature=player_embedded&v=HMO9PZ-NTAc

မောင်စိုင်း
(ကနောင်)

0 comments:

Post a Comment

 
Back to top!