Searching...
Saturday, September 28, 2013

သူငယ်ချင်း မိတ်ဆွေများရဲ့ကူညီမှုနဲ့ မြစ်ဆုံဆည်အငြင်းပွားမှုထဲက အရေးကြီးဆုံးဖြစ်တဲ့ EIA ကိစ္စမှာ

သူငယ်ချင်း မိတ်ဆွေများရဲ့ကူညီမှုနဲ့ မြစ်ဆုံဆည်အငြင်းပွားမှုထဲက အရေးကြီးဆုံးဖြစ်တဲ့ EIA ကိစ္စမှာ ကျွန်တော်တို့နိုင်ငံမှ BANCA အဖွဲ့ ကပြုစုတဲ့ အရွက်ရေ ၉၀၀ ကျော်တဲ့ report နဲ့ တရုတ်နိုင်ငံ CISPDR အဖွဲ့ပြုစုတဲ့ အရွက်ရေ ၃၀၀ ကျော်တဲ့ report ၂ ခုလုံးကို ကျွန်တော်တို့ ရရှိထားပါတယ်။ အကုန်လုံးသေချာလေ့လာပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ နဲနဲ အံ့သြသွားပါတယ်။ ဆည်ဆန့်ကျင်ရေးလှုပ်ရှားမှုထဲက ဖြစ်ပွားတဲ့ EIA နဲ့ပက်သက်တဲ့ အငြင်းပွားမှုဟာ အရင်းအမြစ်မရှိတဲ့ ဖြစ်ပွားမှုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ report ၂ခုစလုံးရဲ့ အဖြေက လုပ်ဆောင်တဲ့အချိန်မှာ သတိထားပြီး စည်းကမ်းရှိရှိနဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးကိုကြိုတင် ကာကွယ်မယ်ဆိုလို့ရှိရင် ဒီဆည်ကြီးဟာ မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံဖြိုးရေးကို ကြီးမားတဲ့ အထောက်အကူဖြစ်နိုင်ပါတယ်။ အရင်တင်ပြခဲ့ဖူးတဲ့ CPI ရဲ့လုပ်ထုံးလုပ်နည်းစာအုပ်မှာရေးသလို (မြေကြီးဆွတဲ့အချိန် ရေဖြန်းတဲ့ကားရှိနေတယ်၊ ရွှေ့သွားတဲ့မြေကြီးပြန်ဖို့တဲ့နေရာမှာ သစ်ပင်နဲ့မြက်ခင်းပြန်စိုက်တယ်၊ အလုပ်သမားအားလုံးရဲ့စွန့်ပစ်ပစ္စည်းများကို ပြန်သိမ်းတယ်၊ ဆည်နားမှာ ညစ်ညမ်းစွန့်ပစ်ရေ သန့်စင်ရေးစက်ရုံစီစဉ်တယ် စသဖြင့်) ဒါက BANCA အဖွဲ့ပေးတဲ့ အကြံညဏ်များကိုလိုက်နာဆောင်ရွက်တဲ့ ကိစ္စတွေပါ။ ဒီလိုဆောင်ရွက်များကို ကောာင်းကောင်းလုပ်ခဲ့မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ရဲ့ထိခိုက်မှုလည်း အနည်းငယ်ပဲရှိနိုင်ပါတယ်။ ကမ္ဘာပညာရှင်အားလုံးလက်ခံတဲ့ ပတ်ဝန်းကျင်တဲ့လိုက်လျောညီထွေဖြစ်တဲ့ အကောင်းဆုံးဆည်စာရင်းဝင်နိုင်ပါတယ်(သဘာဝ ကျွန်တော်တို့နိုင်ငံကိုပေးတဲ့ အကောင်းဆုံးအခွင့်အရေးပေါ့) ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့သုံးသပ်ချက်က ဒီအငြင်းပွားမှုဖြစ်တဲ့ အကြောင်းက ၂ ခုပဲရှိနို်င်ပါတယ်။
၁။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူမှုဘဝစဉ်ဆက်မပြတ်ဖွံဖြိုးရေး အချိုးကျကျညီမျှပြီး နားမလည်တဲ့အတွက် သို့မဟုတ် report ထဲက အင်္ဂလိပ်လိုရေးသားချက်ရဲ့ဆိုလိုရင်းကို သေချာနားမလည်ခြင်းကြောင့် ။
၂။ လူအချို့က နိုင်ငံရေးအကြံအစည်ရှိပြီး ကိုယ်လိုရာဆွဲသုံး၍ အဆိုးမြင်ဘက်ကိုချဲ့ထွင်ပြီး လူထုကိုအသုံးချဖို့ ဖန်တီးတဲ့ အငြင်းပွားမှုဖြစ်ပါတယ်။
အရင်တုန်းကတည်းက ဒီဆည်ကြီးကိုမဆောက်သင့်တဲ့ကျွန်တော်တို့ရဲ့ယုံကြည်ချက်က ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးတခုထဲပါပဲ။ အခုဒီ EIA report ကိုဖတ်ပြီးတဲ့အချိန်မှာလည်း ဒီယုံကြည်ချက်ကပိုပြီးခိုင်မာသွားပါတယ်။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရမချင်း ၊ ဖယ်ဒရယ်မဖြစ်မချင်း ဒီဆည်ဆောက်ဖို့လုံးဝ မစဉ်းစားသင့်ပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စအဆင်ပြေသွားပြီးရင်တော့ ဒီစီမံကိန်းက ကျွန်တော်တို့နိုင်ငံအတွက် လုပ်သင့်တဲ့ စီမံကိန်းတခုပါ။
(EIA report ပါအကြောင်းများ ကိုဆွေးနွေးဖလှယ်ချင်သူများ စာမျက်နှာနံပါတ်ကို ညွှန်းပြီးဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။)
http://www.internationalrivers.org/resources/environmental-impact-assessment-for-the-myitsone-dam-2449?key=0

http://www.burmalibrary.org/.../EIA_Report-original-full.pdf

0 comments:

Post a Comment

 
Back to top!