Searching...
Sunday, September 29, 2013

သတိပြုဖွယ် ..ကျောင်းသား..ကျောင်းသူ ညီအကို မောင်နှမများ အတွက်..

သတိပြုဖွယ် ..ကျောင်းသား..ကျောင်းသူ ညီအကို မောင်နှမများ အတွက်..

“Myanmar Noble College” က ဖေါ်ပြထားတဲ့ အင်္ဂလန်နိုင်ငံ City of Sunderland College က အသိအမှတ်ပြုတယ်ဆိုတာ မဟုတ်ပါဘူး..
ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  နှစ်ယောက် ပေါင်းပြီး “Myanmar Noble College” ကို သိန်းထောင်ပေါင်းများစွာ ရင်းနှီးပြီး တည်ထောင်ထားပါတယ်။

ဒီ “Myanmar Noble College” တည်ထောင်ရာမှာ ပညာရေးကို စီးပွားရေးအသွင်နဲ့  လုပ်ဆောင်နေပါတယ်။

အမှတ် (၁၀၈) နှင်းဆီလမ်း၊ အလုံမြို့ နယ်၊ ရန်ကုန်မှာ တည်ရှိတဲ့ ဒီ “Myanmar Noble College” က ဖေါ်ပြထားတဲ့ အင်္ဂလန်နိုင်ငံ City of Sunderland College က အသိအမှတ်ပြုတယ်ဆိုတာ မဟုတ်ပါဖူး။

အဆိုပါ City of Sunderland College ရဲ့  International Office မှ angela.lister@sunderlandcollege.ac.uk ကို email ပို့ ရင် မမှန်ကန်ကြောင်း သိနိုင်ပါတယ်။

ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  တည်ထောင်ထားတဲ့ ဒီ “Myanmar Noble College” ရဲ့  ကြော်ငြာက အရမ်းကြော်ငြာတော့ ယုံမိတာပါ။

နိုင်ငံခြားကျောင်းတွေနဲ့ ချိတ်တယ်ဆိုတာလဲ ပြည်တွင်းက နိုင်ငံခြားပို့ တဲ့ Crown Agency နဲ့  ချိတ်ပြီး သူတို့ ကိုဘဲ အသိမှတ်ပြုသလို ညာတာပါ။

နိုင်ငံတကာ အသိမှတ်ပြု ဘွဲ့တွေ ဒီပလိုမာတွေ အတွက် ဒေါ်လာ သွင်းပြီး စာမေးပွဲဖြေရင် ဘယ်နေရာမှာ မဆို ဖြေလို့ရပြီးသားပါ

ဦးပိုင်က ဗိုလ်မှုးကြီး မြင့်အောင် နဲ့  ဒုဗိုလ်မှုးကြီးနေ၀င်း (မြန်မာဘီယာ) တို့  ပညာရေးကို အကြောင်းပြ ခုတုံးလုပ်ပြီး ငွေကြေးနဲ့ စီးပွား ရှာနေခြင်းသာ ဖြစ်ပါတယ်။

ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေရဲ့ ကျောင်းတွင်းဆန္ဒပြမှုက အကြိမ်ကြိမ်ပါ။ ဒါပေမယ့် အပြင်ကိုတော့ မပေါက်ကြားပါဘူး။

ဒီ ဗိုလ်မှုးကြီးတွေ ကျောင်းကို ရောက်လာတိုင်း ကျောင်းနဲ့  မတူအောင်ပါဘဲ။ ကျောင်းသားတွေကလဲ တလ (၃) သိန်းနှုန်းနဲ့  (၁၀) သိန်း ကြိုတင်ပေးသွင်းထားရတော့ ဆုတ်လည်းဆူး ဆက်သင်နေရတာလည်း မထူး အနေအထားပါ။

ပိုဆိုးတာက Engineering လိုဘာသာရပ်ကို ဆရာ ၅ယောက်လောက်နဲ့  သင်ကြားနေတာပါ။

သင်ကြားနေ တဲ့ နိုင်ငံခြားမှ ဆရာ ဆရာမှ များဟာ လည်း ဘယ်ကလာမှန်းမသိ ဘယ်သူတွေ မှန်းမသိပဲ အ၇ည် အ ချင်း တွေလည်းမသိရပါဘူး.. သေချာ တာကတော့ ကျောင်းသူကျောင်း သားတွေ ဟာ အပြင်မှာ ကျူရှင် ပြန်လည် ယူနေရတာပါ..

မြန်မာဘီယာက ဒုဗိုလ်မှုးကြီး နေ၀င်း ဟာ DSA -17 ကျောင်းဆင်းဖြစ်ပြီး၊ DSA – 12 ကျောင်းဆင်း ဗိုလ်မှူးကြီး မြင့်အောင် ဦးပိုင်က ဖြစ်ပြီး စီမံကိန်းတွေရဲ့  တာဝန်ခံဖြစ်ပါတယ်။

သိန်းထောင်ပေါင်း များစွာနဲ့  ရင်းနှီးတည်ထောင်ထားတဲ့ “Myanmar Noble College” တစ်ခုတည်းအရကြည့်တာတောင် ဒီငွေကြေးကို ရိုးသားစွာ ရရှိတာလားဆိုတာ မေးခွန်းထုတ်စရာပါ။

ကျောင်းသူ ကျောင်းသားတွေ အနာဂတ် အတွက် အာမာခံ မှု့ အပြည့်အ၀ ရှိ တဲ့ကျောင်းမျိုး ကိုေ၇ွးချယ်နိုင် ဖို့ အတွက် အသိပေးလိုက်ရခြင်း သက်သက် သာဖြစ်ပါတယ်..

Noble College မှကျောင်းသားမိဘတစ်ဦး..

Post. Burmar pyi thar
— - See more at: http://www.dawnmanhon.com/2013/09/blog-post_3501.html#sthash.4uKYj2eE.dpuf

Posted From Classic Burma News

0 comments:

Post a Comment

 
Back to top!