Searching...
Sunday, September 29, 2013

တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကျောင်းရှေ့၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကျောင်းရှေ့၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

တောင်ကြီး ၊ ၂၉-၉-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက် ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကျောင်းကွေ့၌ စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်က ယာဉ် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း အတိုင်း သစ်တောဂိတ် ဘက်မှ မြို့ထဲသို့ ယာဉ်မောင်း အောင်ထက်ပိုင် ၂ဝ နှစ် (ဘ) ဦးမြင့်ဇော် ၊ ရပ်စောက်မြို့ နေသူ မောင်းနှင်သည့် နဂါးညီနောင် ယာဉ်လိုင်းမှ ဗထူး - တောင်ကြီး သွား ယာဉ်အမှတ်၊ ၁က/ ၃ဝ၉၃ အဖြူရောင် ဟိုင်းလတ်ယာဉ် သည် ရှမ်းစာပေ နှင့် ယဉ်ကျေးမှု ကျောင်း ကွေ့တွင် အရှိန် မထိန်းနိုင်ဘဲ

အလယ်ကျွန်း မျောကို ဝင်တိုက်ပြီး တိမ်းမှောက် သွားခဲ့ရာ ယာဉ်မောင်း အောင်ထက်ပိုင် ၏ ယာဘက်လက် တွင် ပွန်းပဲ့ ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ယာဉ် တိမ်းမှောက်ရာ သို့ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင် များက ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြပြီး ယာဉ်မောင်း အောင်ထက်ပိုင် အား တောင်ကြီးမြို့ ၊ ယာဉ်ထိန်း တပ်ဖွဲ့မှ ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

PyiChitThar

http://pyichit-thar.blogspot.com/2013/09/blog-post_29.html
The Myawady DailyGrace

0 comments:

Post a Comment

 
Back to top!