Searching...
Monday, September 30, 2013

မှော်ဘီမြို့နယ်ရှိ လှိုင်မြစ်ကြောင်းတွင် စက်လှေနစ်မြုပ်

၂၈.၉.၂၀၁၃ ရက်နေ့ ၁၅၃၀အချိန်ခန့်တွင် မှော်ဘီမြို့နယ်နေ စောနေထူး(ဘ)ဦးမောင်ငွေ မောင်းနှင်လာသည့် အရှည်ပေ(၂၀)ခန့်၊ အကျယ်(၂)ပေခွဲခန့်ရှိ တရုတ်ဟွန်ဒါ(၁)ကောင်ခွဲ အင်ဂျင်တပ် အိမ်သုံးသစ်သားစက်လှေသည် ခရီးသည်များတင်ဆောင်၍ မိုးကုလားစုကျေးရွာမှ ညောင်အင်းကုန်းကျေးရွာသို့ ချောင်းဝချောင်းမှ တဆင့် လှိုင်မြစ်ကြောင်းအတိုင်း ကမ်းပါးမှပေ(၂၀) ခန့်ခွာကာ ရေဆန်မောင်းနှင်လာစဉ် မှော်ဘီမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ မိုးကုလားစုကျေးရွာအနီးအရောက်တွင် ၀ဲစုပ်ကာ စက်လှေအတွင်းသို့ ရေ၀င်နစ်မြုပ်ခဲ့ပါသည်။

ထိုသို့နစ်မြုပ်ခဲ့သဖြင့် စက်လှေပေါ်တွင်လိုက်ပါစီးနင်းလာသူ အင်းစိန်မြို့နယ်နေသူများဖြစ်သည့် မခင်သီတာဝင်းနှင့် မတင်တင်မိုး တို့(၂)ဦးအား ရေထဲမှဆယ်ယူကယ်တင်နိုင်ခဲ့ပြီး ကျန်ခရီးသည် များဖြစ်သော အင်းစိန်မြို့နယ်နေသူများဖြစ်သည့် မလှလှအေး၊ မ၀င်းဝင်းမော်နှင့် မဇာနည်မော်တို့(၃)ဦးမှာ ရေနစ်မြုပ်ပျောက်ဆုံး နေသဖြင့် ဆက်လက်ရှာဖွေလျက်ရှိပါသည်။

အဆိုပါရေယာဉ်မောင်း စောနေထူးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ၎င်းအားမှော်ဘီမြို့မရဲစခန်း (ပ)၅၅၃/၂၀၁၃၊ ပုဒ်မ ၂၈၀/၂၀၂ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

 
Back to top!