Searching...
Saturday, September 28, 2013

အမျိုးသမီးတစ်ဦး ရေဒီယိုအင်တာနာတိုင် ကိုင်ရာမှ တစ်ဆင့်ဓါတ်လိုက်သေဆုံး

အမျိုးသမီးတစ်ဦး ရေဒီယိုအင်တာနာတိုင် ကိုင်ရာမှ တစ်ဆင့်ဓါတ်လိုက်သေဆုံး

ပဲခူးမြို့၊မဇင်းရပ်ကွက်နေသူ အမျိုးသမီးတစ်ဦး ရေဒီယိုအင်တာနက်တိုင်ကိုင်ရာမှ ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်။ သေဆုံးရခြင်းမှာ (၂၈.၉.၂၀၁၃)နေ့ နံနက်(၁၀း၃၀)အချိန်ခန့်က မဇင်းရပ်ကွက်၊ မဟာစေတီ အနောက်ဘက်ဈေးဆိုင်တန်းနေသူ မxxxx၊ ကမ္ဘောဇဘဏ်ဝန်ထမ်း၊ မ-က/၅၊သည် မိခင်နှင့် အတူသန့်ရှင်းရေး ပြုလုပ်နေစဉ် စာပွဲပေါ်တွင်တင်ထားသော အလျား(၄)လက်မ၊အနံ(၃)လက်မခန့်ရှိလက်ကိုင်ရေဒီယိုအား လျှပ်စစ်ဓါတ်အား သွင်းထားစဉ် ရေဒီယို၏ အင်တာနာတိုင်အား လက်ဖြင့်ကိုင်လိုက်ရာ ဓါတ်လိုက်နေသဖြင့် ၄င်းမိခင်မှ မီးမိန်းခလုတ်အားဆွဲချပြီးနောက် မxxxxxမှ မေ့မျှောသွားသည့်အတွက် ပဲခူးဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ ဆေးရုံပေါ်တွင်သေဆုံးသွားခဲ့ကြောင်းနှင့်ပဲခူးအမှတ်(၂)ရဲစခန်း စခန်းမှူးရဲအုပ်စိန်လွင်မှ သေမှုသေခင်း (ပ)၉/၂၀၁၃အရ စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့်ဇင်

by Myanmar News Now

0 comments:

Post a Comment

 
Back to top!