Searching...
Friday, September 27, 2013

ကင်ဆာရောဂါအတွက် ဆေးထုတ်နိုင်တော့မည်

ကင်ဆာရောဂါအတွက် ဆေးထုတ်နိုင်တော့မည်


ကင်ဆာရောဂါအတော်များများကို ဆေးကုသရာမှာအသုံးဝင်မယ့်ဆေးတစ်မျိုးကို နာမည်ကြီး ဆေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Roche ကုမ္ပဏီက ထုတ်လုပ်နိုင်တော့ပါမည်တဲ့။

ဒီဆေးဟာ အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်၊ အူလမ်းမကြီး စတဲ့အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ကင်ဆာရောဂါကို ကုသနိုင်တဲ့ ဆေးပါ။ ဒီဆေးနာမည်ကတော့ MPDL 350A လို့ နာမည်ပေးထားပါတယ်။

ဒီဆေးရဲ့ အာနိသင်နဲ့ ပတ်သတ်ပြီး ၀ါရှင်တန်ဒီစီက American Association for Cancer Research Meeting မှာ တင်ပြခဲ့ကြတာပါ။ ဒီဆေးဟာ ကင်ဆာဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်မှာ ရှိတဲ့ PD-L1 ခေါ်တဲ့ Protein ကို ဦးတည်တိုက်ခိုက်ဖို့ ကိုယ်ခံစွမ်းအားမှာ အဓိက အရေးပါတဲ့ T Cell တွေရဲ့ စွမ်းအင်ကို မြှင့်ပေးထားတဲ့ ဆေးပါ။

ဒါ့ကြောင့် ကင်ဆာဖြစ်စ ရောဂါရှင်တွေမှာ ဒီဆေးကိုပေးလိုက်တာနဲ့ ရောဂါ မတိုးပွားလာနိုင်တော့ဘူးလို့ ဆိုထားပါတယ်။ နောက်ပြီး အခြားကင်ဆာဆေးတွေလို Side Effect ခေါ်တဲ့ ဘေးထွက် ဆိုးကျိုးလည်း သိသိသာသာ မရှိနိုင်ပါဘူးတဲ့.....

ဒေါက်တာ ကံညွန့်

www.bellbagan.com

0 comments:

Post a Comment

 
Back to top!