Searching...
Saturday, September 28, 2013

အလိုရှိသည် (ပြည်တွင်း၌သာ မြန်မာကျပ်ငွေဖြင့် ခန့်ထားရန်)

အလိုရှိသည် (ပြည်တွင်း၌သာ မြန်မာကျပ်ငွေဖြင့် ခန့်ထားရန်)

အယ်ဒီတာ (မော်တော်ယာဉ်ကဏ္ဍ) - ၂ ဦး

မကြာမီတွင် စတင်ထုတ်လုပ် ဖြန့်ချိတော့မည့် မောင်တော်ယာဉ်နှင့် နည်းပညာဆိုင်ရာ မဂ္ဂဇင်း၏ မော်တော်ယာဉ် (Automotive) ကဏ္ဍအတွက် အတွေ့အကြုံရင့် အယ်ဒီတာ (၂) ဦး အလိုရှိသည်။

Automotive ကဏ္ဍများ (သို့) ယင်းကဏ္ဍများနှင့် သက်ဆိုင်သော စာနယ်ဇင်းများ၌ အယ်ဒီတာအဖြစ် အနည်းဆုံးလုပ်သက် ၃ နှစ်ရှိသူ (၂) ဦးအား မဂ္ဂဇင်း၏ Automotive အယ်ဒီတာများအဖြစ် တာဝန်ယူ ဆောင်ရွက်ရန် အလိုရှိပါသည်။

အလုပ်လျှောက်ထားသူ အနေဖြင့် အောက်ပါ အရည်အခြင်းများနှင့် ကိုက်ညီခြင်း ရှိရမည်။

(၁) လုပ်သက် – Automotive ကဏ္ဍများ (သို့) ယင်းကဏ္ဍများနှင့် သက်ဆိုင်သော စာနယ်ဇင်းများ၌ အယ်ဒီတာအဖြစ် အနည်းဆုံးလုပ်သက် ၃ နှစ်ရှိရမည်။

(၂) ပညာအရည်အခြင်း – ဘွဲ့တစ်ခုခု ရပြီးသူ ဖြစ်ရမည်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပိုင်နိုင်မှုအား ပြသနိုင်ရမည်။
(၃) အသက် – ၂၅ မှ ၃၅ အတွင်း ရှိရမည်။

(၄) ဘာသာစကား – အင်္ဂလိပ်ဘာသာ အရေး၊ အဖတ် ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရမည်။

(၅) အခြား - မဂ္ဂဇင်း၏ အထက်ပါကဏ္ဍများအား ဆန်းသစ်သောအတွေး ၊ ပွင့်လင်းမြင်သာသော အရေးအသားတို့ဖြင့် တင်ဆက်ဖော်ပြနိုင်သူ ဖြစ်ရမည်။

– မဂ္ဂဇင်းအတွက် လိုအပ်သည့် သတင်း ၊ ဆောင်းပါး ၊ ဝေဖန်ဆန်းစစ် မှုများနှင့် ဘာသာပြန်များအားများ ရေးသားခြင်း၊ ဖန်တီးခြင်းနှင့် ပုံနှိပ် ထုတ်ဝေခြင်းအတွက် လိုအပ်သည်တို့ကို ကြည့်ကြပ်နိုင်သူ ဖြစ်ရမည်။

– စေ့စပ်သေချာသူ ၊ အသေးစိတ်အား ကြည့်ရှုတတ်သူ ၊ အမှားအယွင်း ကင်းရှင်းအောင် ဆောင်ရွက်နိုင်သူ၊ လုပ်ငန်းတာဝန် အများအပြားအား တစ်ပြိုင်နက် ဆောင်ရွက်နိုင်သူ ၊ တင်းကြပ်သည့် အချိန်ကန့်သတ်ချက် များအတွင်း လုပ်ငန်းများအား ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

မှတ်ချက် – နည်းပညာ၊ မော်တော်ယာဉ်၊ ဖုန်း၊ အီလက်ထရောနစ် စသည့် ကဏ္ဍများ ပါဝင်သည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် အတွေ့အကြုံ ရှိသူအား ဦးစားပေးမည်။ ထိုနည်းတူ မိမိ၏ စိတ်ကူးပုံဖော် ဆန်းသစ်ဖန်တီးမှု စွမ်းရည်အပေါ် မူတည်ပြီး လုပ်သက်၊ လုပ်ငန်းအတွအကြုံနှင့် အသက်အရွယ် လိုအပ်ချက်များကို လျော့ပေါ့ စဉ်းစားပေးမည်။

အထက်ပါ အရည်အချင်းများနှင့် ပြည့်မှီသူများအား ထိုက်သင့်သည့် လစာ ပေးအပ်သွားမည်ဖြစ်သည်။

---

HOW TO APPLY

အလုပ်လျှောက်ထား လိုသူများအနေဖြင့် -

မိမိ၏ CV အား Cover Letter နှင့် ပူးတွဲပြီး maunghlamcg@gmail.com သို့ အောက်တိုဘာလ ၁၅ ရက်နေ့ထက် နောက်မကျစေပဲ ပေးပို့နိုင်ပါသည်။

0 comments:

Post a Comment

 
Back to top!