Searching...
Sunday, September 22, 2013

iPhone 5s လက်ဗွေဖတ်စနစ်၏ လုံခြုံမှုအား စိုးရိမ်နေသည့် အမေရိကန် လွှတ်တော်အမတ်

  • iPhone 5s လက်ဗွေဖတ်စနစ်၏ လုံခြုံမှုအား စိုးရိမ်နေသည့် အမေရိကန် လွှတ်တော်အမတ်

    အမေရိကန် အထက်လွှတ်တော်အမတ် Al Franken သည် iPhone 5s နှင့်အတူ Apple မှ မိတ်ဆက်ပေးခဲ့သည့် လက်ဗွေဖတ်စနစ် (Fingerprint Scanner) အား အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး Apple ထံသို့ တရားဝင် ရှင်လင်းချက် တောင်းခံထားကြောင်း သိရှိရသည်။

    iPhone 5s ပါ ဤလက်ဗွေဖတ် လုံခြုံရေးစနစ်သည် သမားရိုးကျ ဂဏာန်း ၄ လုံး ရိုက်သွင်းရသည့် လုံခြုံရေးနစ်အစား သုံးဆွဲသူ၏ လက်ဗွေအား Home ခလုတ်မှ ဖတ်ရှုစစ်ဆေး ပေးမည်ဖြစ်သည်။

    ဆီနိတ်တာ Franken ကမူ အဆိုပါ လက်ဗွေဖတ် လုံခြုံရေးနစ်သည် မသမာသူများမှ ဖောက်ထွင်းဝင်ရောက် နိုင်ခဲ့ပါက ကြီးမားသည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက်ရှိသည်။ သမားရိုးကျ Password များအနေဖြင့် မသမာသူများက သိရှိနိုင်ရန် ခက်ခဲသလို ဖောက်ထွင်းဝင်ရောက် ခံရသည့်တိုင် အသစ်ပြင်ဆင် အသုံးပြုနိုင်မည် ဖြစ်သည်။

    သို့ရာတွင် လူတစ်ဦး၏ လက်ဗွေရာဆိုသည်မှာ လက်ချောင်းများ ထိတွေ့ခဲ့သည့် နေရာတိုင်းတွင် ကျန်ရှိနိုင်ခဲ့ရာ လျှို့ဝှက်ဖို့ မဆိုထားနှင့် မသမာသူများ အနေဖြင့် ပိုမိုလွယ်ကူစွာ ရယူနိုင်သည့် အခြေအနေရှိနေသည်။ Mr. Franken က “တိုတိုနဲ့ လိုရင်းကို ပြောရရင်တော့ မသမာသူ ဟက်ခ်ကာတွေသာ သင့်ရဲ့ လက်ဗွေရာကို ရယူနိုင်ခဲ့ပြီဆိုရင် သင့်ရဲ့ကိုယ်စား သင့်ကိုယ်ပွားအဖြစ် ဟန်ဆောင်ပြီး တစ်သက်သာ လုပ်ချင်တာ လုပ်လို့ရသွားပါပြီ။” ဟု ထောက်ပြသွားခဲ့သည်။

    Apple Inc. အနေဖြင့် တစ်စုံတစ်ရာ တုန့်ပြန်ဖြေရှင်းခြင်း မရှိသေးသော်လည်း ဤနည်းပညာသည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြီး စိတ်ချရသည့် လုံခြုံရေးစနစ်ဟု ယခင်က ပြောကြားထားခဲ့သည်။

    Apple ၏ အဆိုအရ လက်ဗွေဖတ် လုံခြုံရေးစနစ်နှင့် သက်ဆိုင်သည့် အချက်အလက်များအား အခြားသော app များနှင့် Apple ၏ server များနှင့် ဆက်နွှယ်မှုမရှိသည့် ဖုန်း၏မှတ်ဥာဏ်အတွင်း သိုမှီးထားကြောင်း သိရှိရသည်။ ထို့အပြင် Apple အနေဖြင့် ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ဖုန်းအား restart လုပ်ပြီးပါက သမားရိုးကျ passcode ထည့်သွင်းစေခြင်းနှင့် ဖုန်းအား ၄၈ နာရီကြာ အသုံးပြုခြင်း မရှိခဲ့ပါက passcode ပြန်လည်ထည့်သွင်းစေခြင်းတို့ကို ပြုလုပ်စေမည်ဖြစ်သည်။

    ထို့အပြင် မသမာသူ တစ်ဦးတစ်ယောက်က လက်ဗွေရာအား တစ်နည်းနည်းဖြင့် ရယူပြီး ပုံတူကူးကာ အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ဤလက်ဗွေဖတ်စနစ်သည် လူသားတစ်ဦး၏ sub-epidermal layer ခေါ် အရေပြား၏ ဒုတိယအလွှာအား တိုက်ရိုက် ဖတ်ရှုသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။

    သုံးစွဲသူများ အနေဖြင့်လည်း လက်ဗွေဖတ် လုံခြုံရေးစနစ်အား ယုံကြည်စိတ်ချမှု မရှိပါက disable လုပ်ကာ သမားရိုးကျ passcode ကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။

0 comments:

Post a Comment

 
Back to top!