Searching...
Monday, September 23, 2013

iPhone 5S ၏ Touch ID လက်ဗွေ လုံခြုံရေးနစ် ၂ ရက်အကြာတွင် ဖောက်ထွင်းခံရပြီ


iPhone 5S ၏ Touch ID လက်ဗွေ လုံခြုံရေးနစ် ၂ ရက်အကြာတွင် ဖောက်ထွင်းခံရပြီ

ဂျာမန်အခြေစိုက် Chaos Computer Club အနေဖြင့် iPhone 5S အား ကမ္ဘာတစ်ဝန်းသို့ စတင်ဖြန့်ဖြူးခဲ့ပြီး ၂ ရက်အကြာတွင် ယင်း၏ နာမည်ကျော် Touch ID လက်ဗွေ လုံခြုံရေးစနစ်အား အောင်မြင်စွာ ဖောက်ထွင်းဝင်ရောက် နိုင်ခဲ့ပြီဟု ထုတ်ဖော်ကြေညာခဲ့သည်။

Chaos Computer Club (CCC) အနေဖြင့် အဆိုပါ သတင်းအား လက်တွေ့ ဗီဒီယိုမှတ်တမ်းနှင့်အတူ ယင်းတို့၏ ဝက်ဘ်ဆိုဒ်ပေါ်၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။ CCC ၏ Biometric Hacking Team အနေဖြင့် သုံးစွဲသူ၏ လက်ဗွေရာအား iPhone ၏ မျက်နှာပြင်ပေါ်မှ ဓာတ်ပုံရိုက်ကူး ရယူခဲ့ကာ လက်ဗွေရာအတုအား ပလတ်စတစ်ပြားလေး တစ်ခုပေါ်တွင် ဖန်တီးခဲ့ပြီး သီးခြားသူတစ်ဦး၏ လက်ချောင်းနှင့် ကပ်ကာ Home Button တွင် စကင်ဖတ်ကာ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ...See More

0 comments:

Post a Comment

 
Back to top!