Searching...
Saturday, September 21, 2013

Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ ဘယ်လိုအလုပ်ကြသလဲ


Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ ဘယ်လိုအလုပ်ကြသလဲ

Google အနေနဲ့ ၂၅ စက္ကန့်မှာ အလုပ်လျှောက်လွှာတစ်ခု လက်ခံရရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ဝန်ထမ်းအင်အား ၃ သောင်းကျော် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ Google ရဲ့ ရုံးများအနက်မှ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့၌ တည်ရှိသည့် ဌာနချုပ်ကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးဖြစ်သလို ဝန်ထမ်းများ အသုံးပြုဖို့ ထားရှိပေးထားတဲ့ ပစ္စည်းတွေ၊ အပန်းဖြေ အနားယူဖို့ နေရာတွေနဲ့ စားသောက်ခန်းမတွေဟာလည်း အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် ဂိမ်းကစားခန်းတွေ၊ ရေကူးကန်တွေ၊ အနှိပ်ခန်းတွေ၊ အခမဲ့စားသောက်ဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ Google ရဲ့ ဌာနချုပ်မှာ ဝန်ထမ်းတွေ အလုပ်လုပ်ဖို့ အချိန်ကော ရှိကြမယ်လို့ ထင်ပါသလား။

Google ရဲ့ ရည်မှန်းချက်ကတော့ ဝန်ထမ်းများအနေနဲ့ အလုပ်လုပ်ချိန်နဲ့ အနားယူချိန် မျှတဖို့ပဲဖြစ်ပြီး ယင်းမှသာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ဟာလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် Google အနေနဲ့ ယင်းတို့ရဲ့ ဝန်ထမ်းများအတွက် အခမဲ့ စားသောက်ဆိုင်တွေ၊ ဆံသဆိုင်တွေ၊ အဝတ်လျှော်ဆိုင်တွေ၊ ဆေးပေးခန်းတွေစတဲ့ ဝန်ဆောင်မှုများကိုပါ ထည့်သွင်း ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

Google ရဲ့ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Corin Anderson ကတော့ “အားလုံးက အလုပ်ကို ကြိုးစားအားထုတ်ပြီး လုပ်ကြပါတယ်။ အနားယူချိန်မှာလည်း စိတ်လွတ်ကိုယ်လွတ် အနားယူကြပါတယ်။ အဓိကအချက်ကတော့ ဝန်ထမ်းတွေအားလုံးဟာ စိတ်ချမ်းသာပျော်ရွှင်ကြပါတယ်။” လို့ ဆိုသွားပါတယ်။
Like · ·

0 comments:

Post a Comment

 
Back to top!