Searching...
Monday, September 23, 2013

အကောင်းမှီရင် .. အမှီကောင်းပါတယ်။

အကောင်းမှီရင် .. အမှီကောင်းပါတယ်။

•••••••••••••••••••••••••••••••••
လောကမှာ ချမ်းသာပြည့်စုံနေကြတဲ့ သူတွေအားလုံးဟာ
အမှီကောင်းရကြလို့ ချမ်းသာပြည့်စုံနေကြတာပါ။

အမှီကောင်းရချင်ရင် အကောင်းမှီရပါမယ်။
အကောင်းမှီမှ အမှီကောင်းနိုင်ပါတယ်။
အကောင်းတွေ အားလုံးထဲမှာ အဆင့်အမြင့်ဆုံး အကောင်းကတော့
မြတ်စွာဘုရားပါပဲ။

ဂုဏ်တော်ပွားများသောအားဖြင့် မြတ်စွာဘုရားတည်းဟူသော အကောင်းမှီရင် ကံပွင့်လာဘ်ဖွင့် ကုသိုလ်ဘုန်းကံဆိုတဲ့ အမှီကောင်း
ရနိုင်ပါတယ်။

လိုတရစွမ်းရည်ပိုင်ရှင် မြတ်စွာဘုရားကို အမြဲမပြတ် သတိရနေမှတော့
ကိုယ့်နှလုံးသားမှာလည်း လိုတရစွမ်းရည်တွေ ကိန်းဝပ်နေပြီပေါ့။

( ဆရာတော်အရှင်ဆန္ဒာဓိက )

credit: 3 Treasures: Buddha, Dhamma & Sangha

www.bellbagan.com

0 comments:

Post a Comment

 
Back to top!