Searching...
Sunday, September 22, 2013

ထူးဖောင်ဒေးရှင်း၏ပညာသင်ထောက်ပံ့မှုအစီအစဉ်မှရလာဒ်

ထူးဖောင်ဒေးရှင်း၏ပညာသင်ထောက်ပံ့မှုအစီအစဉ်မှရလာဒ်
================================

ဝေးလံခေါင်ပါးသော ကချင်ပြည်နယ် ၊ ပူတာအိုမြို့ရှိ ထူးဖောင်ဒေးရှင်း တက္ကသိုလ်ဝင်တန်း ပညာဒါန ဘော်ဒါဆောင်မှ အောင်မြင်သွားကြသော ထူးချွန်ကျောင်းသား၊ကျောင်းသူများ သက်ဆိုင်ရာ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ပညာသင်ကြားနိုင်စေရန် ထူးဖောင်ဒေးရှင်းမှ ပညာသင်ဆုများ ချီးမြှင့်ပေးလျက်ရှိပါသည်။ လက်ရှိတွင်ပူတာအိုမြို့၊ ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ ကျောင်းသား၊ ကျောင်းသူ(79)ဦးအား မုံရွာစီးပွားရေးတက္ကသိုလ် ၊မြစ်ကြီးနားတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်ရန် ပညာသင်ဆုများချီးမြှင့် လျက်ရှိပါ သည်။မြန်မာနိုင်ငံမြောက်ဖျားပိုင်းဖြစ်ပြီး ဝေးလံ၍ အဆင့်မြင့် ပညာများသင်ကြားရန်ခက်ခဲသော ပူတာအိုဒေသမှ ကျောင်းသူ မချာယော်ရဲ့ အား မုံရွာစီးပွားရေး တက္ကသိုလ်တွင် MBA တက်ရောက်နိုင်ရန် ထူးဖောင်ဒေးရှင်းမှ ပညာသင်ဆု ချီးမြှင့်ပေးခဲ့သည့် အပြင် ကျောင်းတက်ရောက်နေစဉ်ကာလတစ်လျှောက်လုံး လိုအပ်သောပံ့ပိုးမှုများကိုလည်း ကျောင်းပြီးဆုံးသည် အထိဆောင်ရွက်ပေးခဲ့ပါသည်။ ယခုအခါ ထူးဖောင်ဒေးရှင်း၏ ပညာဒါနဘော်ဒါဆောင်တွင် အလုပ်ခန့်အပ် ထားပြီး ကျောင်းနှင့်ပတ်သက်သည့်စီမံခန့်ခွဲမှုကိစ္စများအား ဦးစီးဆောင်ရွက်လျက်ရှိပါသည်။ မချာယော်ရဲ့မှာ ပူတာအိုခရိုင်အတွင်းတွင် ပထမဦးဆုံးMBA ဘွဲ့ရရှိသည့် လီဆူတိုင်းရင်းသူ တစ်ဦးဖြစ်ပြီး ပူတာအိုမြို့တွင်ပြန်လည်တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်ပါသည်
ဒေသခံတိုင်းရင်းသူတစ်ဦးအနေဖြင့် ဒေသတွင်းကျောင်းသား၊ကျောင်းသူများအတွက် စံပြအနေဖြင့် နမူနာယူနိုင်စေရန်အတွက် သာမကဒေသတွင်း ပညာရေးမြှင့်တင်မှုလုပ်ငန်းများတွင် ထူးဖောင်ဒေးရှင်း နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါသည်။

0 comments:

Post a Comment

 
Back to top!