Searching...
Friday, September 20, 2013

လုပ်ငန်းခွင်အကြို သင်တန်း တက်ပြီးမှသာ ပြည်ပသို့ သွားရောက် လုပ်ကိုင်ခွင့်ပြုမည်

လုပ်ငန်းခွင်အကြို သင်တန်း တက်ပြီးမှသာ ပြည်ပသို့ သွားရောက် လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန် ၊ ၂၀-၉-၂၀၁၃

အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဖွင့်လှစ်သည့် လုပ်ငန်းခွင် အကြို သင်တန်း၌ မြန်မာနိုင်ငံ မှ ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင် ကြမည့် အလုပ်သမား တိုင်း တက်ရောက် ကြရမည် ဖြစ်ပြီး အဆိုပါ သင်တန်းဆင်း လက်မှတ် ပါရှိ သူများကိုသာ ပြည်ပ နိုင်ငံများတွင် လုပ်ကိုင်ခွင့်ပြု မည် ဖြစ်ကြောင်း အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သက်ဆိုင်ရာ နိုင်ငံများ၏ ဘာသာစကား ၊ ဥပဒေ ဆိုင်ရာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို ထည့်သွင်း ပို့ချ ပေးသွားမည် ဖြစ်သည်။ ထို့အပြင် အလုပ်သမား များအနေဖြင့် ရပ်ဝေး နယ်ခြား တိုင်းတစ်ပါး တွင် အခက်အခဲ တွေ့ကြုံ လာပါက မည်သူ့ထံ ဆက်သွယ် ရမည် ၊ မည်ကဲ့သို့ လုပ်ဆောင် သင့်သည် တို့ကို သင်တန်းပေး သင်ကြားမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ဖွင့်လှစ် ပေးမည့် လုပ်ငန်းခွင် အကြို သင်တန်းအား အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန နှင့်အတူ NGO , INGO များကပါ ကူညီ ဆောင်ရွက်မှုများ ပြုလုပ် ပေးမည် ဖြစ်ပြီး အလုပ်သမား များ အနေဖြင့် အခမဲ့ တက်ရောက် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ (၄၀၁)

The Myawady Daily

0 comments:

Post a Comment

 
Back to top!