Searching...
Sunday, September 22, 2013

တောင်ကိုရီးယားမှ ခေါက်သိမ်းနိုင်သော လျှပ်စစ်ကား

တောင်ကိုရီးယားမှ ခေါက်သိမ်းနိုင်သော လျှပ်စစ်ကား

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မှာ ပြသသွားတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ သူ့ကို The Armadillo လို့ အမည်ပေးထား ပါတယ်။ တောင်ကိုရီးယားက နည်းပညာ ကျောင်းသားတို့ ကြိုးစားဖန်တီးထားတဲ့ကား ပါ။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့အလိုအလျောက်ခေါက်သိမ်းနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးစာယူရမယ့် နေရာကို သိသိသာသာကို လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ၂ ယောက်စီး လျှပ်စစ်ကားပါ။ မြို့ တွင်းမှာ အသုံးပြုပြီး ကာပါကင်ထိုးဖို့ခက်ခဲတဲ့ နေရာတွေမှာ အသုံးပြုစေဖို့ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာကို အရှေ့ မှာပဲ ထားတာပါ။ ဒါကြောင့် နောက်က ၂ ဘီးကို အပေါ်တင် ခေါက်နိုင်ခြင်း ဖြစ်ပါတယ်။ Remote ခလုပ်လည်း ပါဝင်ပြီး ခလုပ်နှိပ်လိုက်ရုံနဲ့လည်း အလိုအလျောက် ခေါက်သိမ်းသွားမှာ ဖြစ်ပါတယ်။...See More

0 comments:

Post a Comment

 
Back to top!