Searching...
Monday, September 23, 2013

ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက

ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။

ပြင်ပမှာ တည်ထားတဲ့ဘုရားတွေက အလကားနေရင်း အလိုအလျောက်
ကိုယ့်ကို လာပြီးကောင်ကျိုးမပေးနိုင်ပါဘူး

ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကိုကောင်းကျိုးပေးနိုင်
တာပါ။

ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ
အဲဒီဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။

ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ဘဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကိုမ,မစနိုင်ပါဘူး။

ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊ အကြိမ်နည်းနည်းပွားရုံ
နဲ့လည်း တစ်သက်စာ အားကိုးရလောက်အောင် နှလုံးသားထဲက
တန်ခိုးမကြီးသေးပါဘူး။

အကြိမ်ကြိမ်အထပ်ထပ် ပွားမှ တန်ခိုးကြီးလာတာပါ။

( ဆရာတော်အရှင်ဆန္ဒဓိက )

credit: 3 Treasures: Buddha, Dhamma & Sangha

www.bellbagan.com

0 comments:

Post a Comment

 
Back to top!