Searching...
Sunday, September 22, 2013

မစ်ဆုံစီမံကိန်း ဆက်လုပ်/မလုပ် ဒေါ်အောင်ဆန်းစုကြည်ဖြေကြားချက်

မစ်ဆုံစီမံကိန်း ဆက်လုပ်/မလုပ်

ဒေါ်အောင်ဆန်းစုကြည်ဖြေကြားချက်


စီးပွားရေးလာလုပ်တယ်ဆိုတာ အကျိုးအမြတ်အတွက် လာလုပ်တာ၊ ဒီစီးပွားရေးလုပ်ငန်းရှင်တွေ အကျိုးအမြတ်အတွက်လာလုပ်တဲ့ တစ်ချိန်တည်းမှာ ကျွန်မတို့ နိုင်ငံသူ/နိုင်ငံသား တွေအတွက်လည်း အကျိုးအမြတ်ရှိရမယ်ဆိုတာလဲ အဲလိုရှိအောင် လုပ်ဖို့ဟာက အစိုးရရဲ့တာဝန်ဖြစ်တယ်၊

အခုဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူ/ပြည်သားတွေ ဟာ မကျေနပ်တာတွေရှိတယ်၊ တခြားနိုင်ငံတွေက လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ်၊ ရင်းနှီးမြှုပ်နှံတဲ့ အခါကျလို့ရှိရင် ခေါင်းပုံဖြတ်တယ်၊ စသဖြင့် ရှိတယ်၊

ခေါင်းပုံမဖြတ်အောင်လို့ ဘယ်သူက ကာကွယ်ရမှာလဲ၊ အစိုးရက ကာကွယ်ရမှာပေါ့၊ ကိုယ့်လူမျိုးကို အစိုးရကမကာကွယ်လို ဘယ်သူကကာကွယ်ပေးမှာလဲ၊

ဒီကိစ္စထဲမှာ မြစ်ဆုံစီမံကိန်း ကို မေးထားတယ်၊ အန်တီ သမ္မတဖြစ်တာ/ မဖြစ်တာ သတ်သတ်။ မှုအရပြောသွားမယ်၊

စီမံကိန်းတစ်ခုမှာ ဒီနိုင်ငံနဲ့ ဒီအစိုးရနဲ့၊ ပြည်ပနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်၊ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ သဘောတူညီမှုယူတဲ့အခါကျလို့ရှိရင် ဘာတွေပါလည်းဆိုတာ ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ်၊

ကျွန်မတို့ ဘာမှမသိဘူး၊ မြစ်ဆုံစီမံကိန်းမှာ ကျွန်မကိုဘာလုပ်မလဲလို့ မေးရင်၊ ဘာသဘောတူညီထားလဲဆိုတာ ကျွန်မမသိပဲနဲ့ ဘယ်လိုလုပ်ဖြေမလဲ၊ Contract ဆိုတာရှိတယ်နော်၊

ဘာတွေသဘောတူညီထားလဲ၊ သဘောတူညီချက်အရမလုပ်လို့ရှိရင် ဘာတွေ ပြန်ဆပ်ရမလဲဆိုတာ ကျွန်မတို့မသိဘူး၊ ကျွန်မဆိုလိုတာက ပွင့်လင်းမြင်သာမှုနဲ့ အများကြီးဆိုင်တယ်၊

အစိုးရများကို တာဝန်ယူမှုရှိစေချင်ရင် ပွင့်လင်းမြင်သာမှု ရှိရမယ်၊ ကျွန်မတို့ မြစ်ဆုံစီမံကိန်းအတွက် ဘာလုပ်မလဲဆိုတာက ဘယ်လို Contract မျိုးရေးဆွဲထားလဲ၊ ဘယ်လိုလက်မှတ်ထိုးထားလဲဆိုတာ မသိပဲနဲ့ ကျွန်မပြောလို့မရဘူး၊

ကျွန်မမေးချင်တယ်၊ လက်မှတ်ထိုးတဲ့လူတွေက ဘာလို့တာဝန်ယူပြီးတော့ မရှင်းသလဲဆိုတာ ကျွန်မသိချင်တယ်။

စက်တင်ဘာလ (၂၂)ရက်နေ့ စင်္ကာပူနိုင်ငံ မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှ ကျော်မင်းအောင်၏ မြစ်ဆုံစီမံကိန်းကိစ္စမေးမြန်ချက်ကို ဖြေကြားချက်မှ
ကောက်နှုတ်ဖေါ်ပြပါသည်။

0 comments:

Post a Comment

 
Back to top!