Searching...
Sunday, September 22, 2013

"ဂမ်လန်ရာဇီ ရေခဲတောင်တက်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ"

"ဂမ်လန်ရာဇီ ရေခဲတောင်တက်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ"

ယနေ့ စက်တင်ဘာလ (၂၁)ရက်နေ့ ညနေပိုင်းက အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ၏ ဒုတိယ အမြင့်ဆုံးဖြစ်သော ဂမ်လန်ရာဇီတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သော မြန်မာ-အမေရိကန် ရေခဲတောင်တက် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ ရေခဲတောင်တက် အဖွဲ့အား ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ကိုယ်တိုင် ပူတာအိုမှ ရန်ကုန်သို့ ကြိုဆို ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်လေဆိပ်တွင် ထူးဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌများ ဖြစ်သော ဦးပြည့်ဖြိုးတေဇ၊ ဦးဖိုးသင်မောင် အပါအ၀င် မိသားစု ကုမ္ပဏီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

မြန်မာဖုံရင် ကုမ္ပဏီက စီစဉ်ပြီး ထူးဖောင်ဒေးရှင်း၏ အဓိက ပံ့ပိုးမှုဖြင့် တက်ရောက်ခဲ့သော ယခု ခရီးစဉ်တွင် မြန်မာတောင်တက်အဖွဲ့က လူသားများ လုံးဝခြေချဖူးခြင်း မရှိသေးသည့် ဂမ်လန်ရာဇီ တောင်ထိပ်သို့ ဦးစွာ တက်ရောက်ခွင့် ရခဲ့ပြီး မြန်မာနိုင်ငံ အလံကို ဂုဏ်ယူစွာ စိုက်ထူနိုင်ခဲ့ပါသည်။...Continue Reading

0 comments:

Post a Comment

 
Back to top!