Searching...
Sunday, September 22, 2013



ဆုပန်ထွာ၏ My များMy Brain - ဦးနှောက် စဉ်းစားတဲ့ ကိစ္စတွေ၊ တွေးခေါ်တဲ့ ကိစ္စတွေမှာ အရမ်းအရေးကြီးတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ် တဲ့အခါမှာ ဆုံးဖြတ်ချက်မမှားဖို့ အတွက် ဦးနှောက်ကိုအသုံးပြုပါ တယ်။ ကောင်းတာတွေကိုလည်း ဦး နှောက်ထဲကိုထည့်ထားတယ်။ မ ကောင်းတာတွေကိုတော့ ဦးနှောက် ထဲကိုမထည့်ဖို့အရေးကြီးတယ်။

My Eye - အရာဝတ္ထုတွေကို ကြည့်ဖို့ပေါ့။ ကြည့်တဲ့နေရာမှာလည်း မျက်စိကို အကျိုးရှိရှိကြည့် တတ်ဖို့အရေးကြီးတယ်။

My Ear - သီချင်းတွေကို နားထောင်မယ်။ စကားသံတွေကို နားထောင်မယ်။ ကိုယ့်ကိုပြောတဲ့ ဝေဖန်သံတွေကို နားထောင်ဖို့အသုံး ပြုတယ်။

My Nose - နှာခေါင်းက အသက်ရှုဖို့အတွက် အရေးကြီးတယ်။

My Mouth - အစားကိုကုန် အောင်စား၊ စကားကို ကုန်အောင် မပြောနဲ့တဲ့။ စကားပြောဖို့အတွက်၊ အစားအသောက် စားဖို့အတွက်၊ တခြားကိစ္စတွေအတွက် လိုအပ်ပါတယ်။

My Teeth - သွားတွေက အစားအစာတွေကို ဝါးဖို့အတွက် အသုံးပြုတယ်။ သွားသန့်ရှင်းမှု ရှိဖို့လည်း လိုအပ်ပါတယ်။ သွားတွေကို သွား တိုက်ပေးရတယ်။

My Neck - အခုသီချင်းဆို နေတာဖြစ်တဲ့အတွက် လည်ပင်း မနာအောင်၊ အသံမဝင်အောင် ဂရုစိုက်ရတယ်။ သီချင်းဆိုတဲ့ လူတစ် ယောက်အတွက် လည်ပင်းထဲမှာရှိတဲ့ အသံအိုးက အရေးကြီးတယ်။ ဒါ ကြောင့် အသံထိခိုက်မယ့် အစားအသောက်တွေကို ရှောင်တယ်။ ပြီးတော့ အသံမထိခိုက်အောင် အနေအထိုင် ဆင်ခြင်ရပါတယ်။

My Heart - နှလုံးကတော့ သွေးလည်ပတ်မှုအတွက် အရေးအ ကြီးဆုံးပဲ။ နှလုံးက အမြဲတမ်းခုန်နေ မှ လူကအသက်ရှင်သန်နိုင်မှာလေ။

My Hands - လက်တွေကတော့ ကိုယ်နှစ်သက်တဲ့စာသားလေး တွေကူးဖို့တို့၊ စာရေးဖို့တို့မှာ အသုံးပြုတယ်။ ဒီလက်တွေရှိလို့ အရာရာ ကို ကိုယ်တွယ်လို့ ရနေတာလေ။ တခြားအသုံးပြုတဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။

My Legs - ခြေထောက်ကတာ့ တစ်နေရာကနေ တစ်နေရာကို သွားဖို့အတွက် ကူညီပေးပါတယ်။

My Money - ပိုက်ဆံကတော့ အရေးကြီးပါတယ်။ ပိုက်ဆံရှိ မှကိုယ်လိုချင်တာတွေ ဝယ်လို့ရတယ်။ နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။

My Work - အရင်ကတော့ သရုပ်ဆောင်လုပ်တယ်။ အခုအဆို တော်ရော၊ သရုပ်ဆောင်ရော နှစ်ခုစလုံးကို ဝါသနာပါလို့လုပ်တယ်။ အလုပ်က ကိုယ်ဝါသနာပါတဲ့အတွက်၊ ဘဝမှာ အရမ်းအရေးကြီးတယ်။ အခုလုပ်နေတဲ့ အနုပညာ အလုပ်တွေကို အရမ်းတန်ဖိုးထား တယ်။ အလုပ်ကလည်း ဘဝမှာအ ရေးကြီးတယ်။

My Lover - အချစ်ဆုံးကတော့ မိသားစုရယ်၊ နောက်ပြီးတော့ အားပေးတဲ့ ပရိသတ်ကြီးရယ်ပါ။ ချစ်သူကတော့ မရှိသေးပါဘူး။

My Hobby - သီချင်းနားထောင်တာကို ဝါသနာပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါတယ်။

0 comments:

Post a Comment

 
Back to top!