Searching...
Monday, September 23, 2013

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စမ်းချောင်းတွင် သစ်ပင် လဲကျ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စမ်းချောင်းတွင် သစ်ပင် လဲကျ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စမ်းချောင်းမြို့နယ်၊ရှင်စောပုရပ်ကွက်၊ ပဒုမ္မာလမ်း၊ပဒုမ္မာအား ကစားကွင်းသက်သာဆိုင်ခန်း အမှတ်(၂၄)ရှေ့တွင် ယနေ့ နံနက် ၀၇း၃၀ က လုံးပတ်(၄)ပေ၊အမြင့်(၄၀)ပေခန့်ရှိ စိန်ပန်းပင်မှာ မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့်ပြိုလဲခဲ့ကြောင်းYangon Policeမှသိရသည်။

သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း
လမ်းဘေးတွင်သွယ်တန်းထားသော ကွန်ကရစ်လျှပ်စစ်မီး တိုင်(၆)တိုင် ကျိုးကျပျက်စီးခဲ့ပြီး အနီးတွင်ရပ်ထားခဲ့ကြသည့် တောင်းအေ့စ် အဖြူရောင် ယာဉ်နှင့် Hi Ace အသားရောင်ယာဉ် တို့၏အမိုးများပိန်ချိုင့်ပျက်စီးခဲ့ကာ Fielder အမျိုးအစား အဖြူရောင်ယာဉ်၏ ရှေ့ဘောနက်အဖုံးမှာ လည်း ပိန်ချိုင့်ပျက်စီး ခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment

 
Back to top!