Searching...
Friday, September 20, 2013

တင်ဒါအောင်ထားသော ဆက်သွယ်ရေးကုမ္ပဏီများ လောလောဆယ် လုပ်ငန်းစနိုင်ဦးမည် မဟုတ်သေး


တင်ဒါအောင်ထားသော ဆက်သွယ်ရေးကုမ္ပဏီများ လောလောဆယ် လုပ်ငန်းစနိုင်ဦးမည် မဟုတ်သေး

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါအောင်ပြီးသား ဆက်သွယ်ရေး ကုမ္ပဏီတွေ လောလောဆယ်မှာ လုပ်ငန်းစတင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုးက ဒီဗွီဘီ ကို ပြောပါတယ်။

လွှတ်တော် နှစ်ရပ်က အတည်ပြုပြီးဖြစ်တဲ့ ဆက်သွယ်ရေး ဥပဒေကြမ်းကို သမ္မတ ကပြုပြင်လိုတဲ့ သဘောထားမှတ်ချက်တွေနဲ့ လွှတ်တော်ဘက် ပြန်ပြီး
ပေးပို့ထား တာကြောင့် သမ္မတ ရဲ့မှတ်ချက်ကို ဆွေးနွေးဖို့ ဥပဒေကြမ်းကော် မတီ အစည်းအဝေးကို အခုလ ၂၆ ရက် နေပြည်တော်မှာ ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

အောက်တိုဘာ လဆန်း လွှတ်တော် စတာနဲ့ အမြန် ဆွေးနွေး အတည်ပြုသွားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးမှပဲ အော်ပရေတာ လိုင်စင်ရထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေလည်း အမြန် လုပ်ငန်းစတင်နိုင်မယ်လို့ ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

DVB News

0 comments:

Post a Comment

 
Back to top!