Searching...
Sunday, September 22, 2013

ဧရာဝတီမြစ်ကြီးရဲ့ ဒိုင်ယာရီ ကိုသုံးသပ်ခြင်း

ဧရာဝတီမြစ်ကြီးရဲ့ ဒိုင်ယာရီ ကိုသုံးသပ်ခြင်း - ၄ ။

ဆောင်းပါး ။ ။ ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှု လုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော် ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရသလို ဖြစ်ခဲ့ရ တယ်။ ယန်စီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေဧက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။

သုံးသပ်ချက်။ ။ ဒီဆည်ဟာ ၂၀၁၂ ခုနှစ်မှာ သမိုင်းတလျှောက်အကြီးဆုံးရေဘေး ( ရေတန်ချိန် ၇၁၂၀၀/
စက္ကန့် ) ဖြစ်တော့မှာကိုအောင်မြင်စွာတားဆီးနိုင်ခဲ့တဲ့အတွက် ၁၉၉၈ ခုနှစ်ကဖြစ်ခဲ့တဲ့ ရေကြီးမှု ( ရေတန်ချိန် ၆၃၆၀၀/ စက္ကန့် ၊ အဲဒီကာလမှာ ဆည်ကစဆောက်ကာစပဲရှိသေးတယ်) ထဲက လူ၁၈၀၀ ကျော်သေဆုံးပြီး ၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ဒေါ်လာ ၆၃.၅ ဘီလျံ နဲ့နှိုင်းယှဉ်တဲ့အခါမှာ နိုင်ငံလူထုကိုအကျိုးပြုတာတွေ့ရတယ်။ ဒီဆည်မှာသိုလှောင်ထားတဲ့ ရေတန်ချိန် ၃၉.၃ ဘီလျံ ထဲက ၃၅ ဘီလျံကို ရေခမ်းခြောက်တဲ့ရာသီမှာ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။နှစ်စဉ်ထုတ်လုပ်တဲ့ လျှပ်စစ် ယူနစ် ၁၀၀ဘီလျံကို လည်း ပြည်သူလူထုက ဈေးသက်သာစွာနဲ့သုံးနိုင်ပါတယ်။ တရုတ်ရဲ့စီးပွားရေးပြိုင်ဆိုင်နိုင်မှုအတွက် အားတခုဖြစ်ပါတယ်။ ရေကြောင်းပို့ဆောင်ေ၇းမှာလည်း အရင်ထက်လွယ်ကူချောမွေ့စွာသွားလာနိုင်တယ်။ အရင်တုန်းက တနှစ်မှာကုန်တန်ချိန် ၃၉.၃ မီလျံ ဖြတ်သန်းပို့ဆောင်ပေးနိုင်ပြီး ယခုအချိန်မှာ တန်ချိန် ၇၈.၈ မီလျံ ပို့ဆောင်ပေးနိုင်ပါတယ်။- လူပေါင်း ၄ သန်းကျော် ရွှေ့ပြောင်းခံရတဲ့ကိစ္စ ။ အဲဒီကိစ္စကိုခြုံပြီးပြောရရင် ကျွန်တော်တို့နိုင်ငံ ချင်းပြည်နယ်တောင်ပိုင်းဒေသလိုနေရာမှာ နေတဲ့သူတွေကို ရန်ကုန်လိုနေရာဖြစ်တဲ့ Shanghai ၊ Zhejiang ၊Chong qing ၊ Hubei လိုဖွံဖြိုးတဲ့ဒေသတွေကို အစိုး၇စရိတ်နဲ့ ထောက်ပံ့ငွေနဲ့ အလုပ်နဲ့ရွှေ့ပေးတဲ့အတွက် အများစုကဘဝအခြေနေတိုးတက်ပြီး တော်တော်ကျေနပ်ကြတယ်။ ဒါပေမယ့် အချို့နေ၇ာက ထောက်ပံ့ကြေးတောင်ခိုးရဲတဲ့ လူကြီးမျိုးနဲ့တွေ့တဲ့သူထောင်ဂဏန်းလောက်က ဒုက္ခရောက်ခဲ့ကြတယ်။ ဒီလိုမျိုး လူနည်းစုရဲ့ အခက်အခဲကိုချဲ့ကားပြီးရေးထားတဲ့ဆောင်းပါးမျိုးကို ကိုးကားပြီးတော့ ကိစ္စတခုလုံးကိုမသုံးသပ်သင့်ဘူး။
(ပုံ၊ Shanghai Yangtze River Bridge)

0 comments:

Post a Comment

 
Back to top!